Microsoft Windows တွင် Tor သုံးစွဲသူအဖြစ် လုပ်ဆောင်ခြင်း


ဤညွှန်ကြားချက်တို့မှာ Windows (2000, XP, Vista, 7, and Server Editions) တို့အပေါ်တွင် Tor သုံးစွဲသူအဖြစ် ထည့်သွင်းရန် လုပ်ဆောင်ခြင်းအတွက် ညွှန်ကြားချက်များ ဖြစ်သည်။ သင်သည် အခြားအပေါ်တွင် သတင်းအချက်အလက် သွားလာမှုများကို ထပ်ဆင့်လွှင့်ခြင်းဖြင့် ကွန်ယက်ကို ကြီးထွားအောင်(ကျေးဇူးပြု၍ လုပ်ဆောင်ပါ) ပြုလုပ်မည်ဆိုပါက၊ ကျေးဇူးပြု၍ထပ်ဆင့်လွှင့်မှု ပြင်ဆင်သတ်မှတ်ခြင်း လမ်းညွှန်ကို ဖတ်ရှုပါ။

Freedom House has produced a video on how to install Tor. You can view it at How to install Tor on Windows. Know of a better video, or one translated into your language? Let us know!


အဆင့် တစ်: Download လုပ်၍ Tor ကို ထည့်သွင်းပါ


Microsoft Windows စုစည်းမှုတွင် Tor, Vidalia (Tor အတွက် GUI တစ်ခု)၊ Torbutton (Mozilla Firefox အတွက် plugin တစ်ခု) နှင့် Polipo (Web proxy တစ်ခု) တို့ကို အတူတကွ အလုပ်လုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားသော စုစည်းမှုတစ်ခုထဲတွင် ထည့်သွင်းထားပါသည်။ Windows ၏ တည်ငြိမ်သော သို့မဟုတ် စမ်းသပ်ဆဲဖြစ်သောမူကို Download လုပ်ပါ။ သို့မဟုတ် download စာမျက်နှာတွင်ပိုမိုရွေးချယ်ရန် ကြည့်ရှုပါ။

tor installer splash page

သင့်ထံတွင် ယခင် ထည့်သွင်းပြီး ဖြစ်သော Tor၊ Vidalia သို့မဟုတ် Polipo တို့ ရှိပါက အောက်တွင်ပြထားသော နေရာတွင် သင် ထည့်သွင်းရန်မလိုသော အစိတ်အပိုင်းများကို မရွေးချယ်ဘဲ နေနိုင်ပါသည်။

select components to install

ထည့်သွင်းမှု ပြီးစီးပါက သင်ရွေးချယ်ထားသော အစိတ်အပိုင်းများသည် အလိုအလျောက် စတင်ပါလိမ့်မည်။

Tor သည် ပုံမှန်အားဖြင့် သုံးစွဲသူ အဖြစ် ပြင်ဆင်သတ်မှတ်ထားပါသည်။ ၎င်းသည် ပြင်ဆင်သတ်မှတ်မှု ဖိုင် ပါဝင်ပြီး ဖြစ်၍ အများစုသောသူတို့အတွက် ချိန်ညှိမှုများ ပြုလုပ်ရန် မလိုအပ်ပါ။ Tor ကို ယခု ထည့်သွင်းပြီးပါပြီ။


အဆင့် နှစ်: သင့်အသုံချဆော့ဝဲများကို Tor အသုံးပြုရန် ပြင်ဆင်ပါ


Tor နှင့် Polipo တို့ကို ထည့်သွင်းပြီးပါက သင့်အသုံးချဆော့ဝဲများကို အသုံးပြုနိုင်ရန် ပြင်ဆင်ရပါမည်။ ပထမအဆင့်မှာ Web ကြည့်ရှုခြင်းအတွက် ပြင်ဆင်ခြင်း ဖြစ်ပါသည်။

သင့်အတွက် အကောင်းဆုံး လုံခြုံမှုရနိုင်ရန် Tor ပါဝင်သော Firefox နှင့် Torbutton တို့ကို အသုံးပြုသင့်ပါသည်။ စုစည်းမှုက ထည့်သွင်းပေးသည်မှာ သင့်အတွက် Torbutton pluginဖြစ်ပါသည်။ သင့် Firefox ကို ပြန်လည်စတင်ပါ။ ပြီးလျှင် အောက်ပါတို့ကို သတ်မှတ်ပါ :

Torbutton plugin for Firefox

အခြား ကွန်ပျူတာတွင် Firefox ကို အသုံးပြုမည်ဟု အစီအစဉ်ရှိပါက မတူညီသော ကွန်ပျူတာတွင် Tor လုပ်ဆောင်ခြင်းအတွက် မေးလေ့ရှိသော မေးခွန်းများ ကို ကြည့်ရှုပါ။

HTTP proxies ကို ထောက်ပံ့သော အခြား အသုံးချဆော့ဝဲများကို Tor လုပ်ဆောင်နိုင်ရန် Polipo ကိုသာ ညွှန်ပြပေးပါ(၎င်းမှာ localhost port 8118 ဖြစ်ပါသည်။) SOCKS ကို တိုက်ရိုက် အသုံးပြုရန်(သတင်းချက်ချင်းပို့ခြင်းများ၊ Jabber, IRC စသည်ဖြင့်) Tor(localhost port 9050) သို့ တိုက်ရိုက်ညွှန်ပြနိုင်ပါသည်။ သို့သော် ဤ မေးလေ့ရှိသော မေးခွန်းများ ကို ဘာကြောင့် အန္တရာယ်ရှိနိုင်ကြောင်း သိရှိနိုင်ရန် ကြည့်ရှုပါ။ SOCKS နှင့် HTTP ပါ ထောက်ပံ့မှုမရှိသော အသုံးချဆော့ဝဲများအတွက် SocksCap သို့မဟုတ် FreeCap တွင် ကြည့်ပါ။ (FreeCap သည် အခမဲ့ဆော့ဝဲဖြစ်၍ ကုမ္ပဏီပိုင်တစ်ခုဖြစ်ပါသည်။)

အခြားအသုံးချဆော့ဝဲများကို Tor လုပ်ဆောင်နိုင်ရန် မည်သို့လုပ်ဆောင်ရမည်ကို မည်သို့ Tor လုပ်ဆောင်နိုင်စေမည်လဲ တွင်ကြည့်ရှုပါ။


အဆင့် သုံး : အလုပ်လုပ်ကြောင်း သေချာပါစေ။


Vidalia လုပ်ဆောင်နေမှု ရှိ မရှိ စစ်ဆေးပါ။ Vidalia သည် သေးငယ်သော အစိမ်းရောင် ကြက်သွန်နီလေးကို Tor လုပ်ဆောင်နေကြောင်းပြသရန် အသုံးပြုပါသည်။ သို့မဟုတ် အနီရောင် "X"အမှတ်အသားနှင့် ညိုမည်းနေသော ကြက်သွန်နီလေးကို Tor အလုပ်မလုပ်သော အခါ ပြသပါသည်။ System Tray ရှိ Vidalia ရုပ်ပုံပေါ်တွင် ညာဘက်ကလစ်နှိပ်၍ Tor ကို စတင်ခြင်း သို့မဟုတ် ရပ်တန့်ခြင်း ပြုလုပ်နိုင်ပါသည်။ သို့မဟုတ် အောက်တွင် ပြသထားသကဲ့သို့ "စတင်ရန်" သို့မဟုတ် "ရပ်တန့်ရန်" တို့ကို Menu မှ ရွေးချယ်နိုင်ပါသည် :

Vidalia Tray Icon

နောက်တစ်ဆင့်တွင် သင့် browser တွင် Tor နှင့် သုံးစွဲကြည့်ရှု၍ သင့် IP လိပ်စာသည် အမည်ဝှက်မှု လုပ်ဆောင်ထားကြောင်း သေချာပါစေ။ Tor စစ်ဆေးကြည့်ရှုသူ ကို ကလစ်နှိပ်၍ သင် Tor အသုံးပြုနေခြင်း ဟုတ် မဟုတ် စစ်ဆေးပါ။ (ဤ site အလုပ်မလုပ်ပါက၊ ဤ မေးလေ့ရှိသော မေးခွန်းများ တွင် သင့် Tor ကို မည်သို့စမ်းသပ်ရမည်ဆိုသည့် အကြံပြုချက်များကို ကြည့်ရှုပါ။)

သင့်တွင် သင့်ကွန်ပျူတာကို ကိုယ်တိုင်ဆက်သွယ်ရန် ကန့်သတ်ထားသော တစ်ကိုယ်ရေသုံး Firewall ရှိပါက သင့် စက်တွင်းမှ အသုံးချဆော့ဝဲများကို စက်တွင်းမှ port 8118 နှင့် port 9050 တို့သို့ ဆက်သွယ်နိုင်ကြောင်း သေချာပါစေ။ သင့် Firewall မှ အပြင်သို့ ဆက်သွယ်မှုများကို ပိတ်ဆို့ထားပါက အပေါက်တစ်ခုပြုလုပ်၍ TCP ports များဖြစ်သော 80 နှင့် 443 တို့ကို ဆက်သွယ်နိုင်စေရန် ပြုလုပ်ပါ။ ပြီးလျှင် ဤ မေးလေ့ရှိသော မေးခွန်းများ ကို ကြည့်ရှုပါ။

ဤသည်တို့နှင့် အလုပ်မလုပ်သေးလျှင် ဤ မေးလေ့ရှိသော မေးခွန်းများ ကို အရိပ်အမြွက်သိရှိနိုင်ရန် ကြည့်ရှုပါ။

အလုပ်လုပ်သည်နှင့် Tor မှ မည်သည်တို့ကို လုပ်ဆောင်နိုင်၍ မည်သည်တို့ကို မလုပ်ဆောင်နိုင်ပါ တို့ကို ဆက်လက် လေ့လာပါ။


အဆင့် လေး : ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်ပါ။


Tor ကွန်ယက်သည် စေတနာ့ဝန်ထမ်းများ၏ လိုင်းအကျယ်လှူဒါန်းမှုကို မှီခိုရပါသည်။ ထပ်ဆင့်လွှင့်သူ ပိုမိုများပြားလေ Tor ကွန်ယက်ပိုမိုမြန်ဆန်လေ ဖြစ်ပါသည်။ သင့်တွင် လမ်းတိုင်းအတွက် အနည်းဆုံး 20 kilobytes/s ရှိလျှင် သင့် Tor ကို ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်၍ ကူညီပေးပါ။ ကျွန်ုပ်တို့တွင် Tor ထပ်ဆင့်လွှင့်သူများကို လွယ်ကူစေရန်နှင့် သက်သာအဆင်ပြေစေရန် လိုင်းအကျယ်နှုန်းကန့်သတ်ခြင်း၊ အလွဲသုံးမှု စောဒကများမှ လွတ်ကင်းရန် အထွက်မူဝါဒများ၊ ပြောင်းလဲနေသော IP လိပ်စာများစသည်ဖြင့် စီစဉ်ထားရှိပါသည်။

အင်တာနက်ပေါ်တွင် ထပ်ဆင့်လွှင့်သူများ နေရာအနှံ့ထားရှိခြင်းသည် Tor အသုံးပြုသူများကို ပိုမိုလုံခြုံစေပါသည်။ အဝေးရှိ site များမှ သင့်ကွန်ပျူတာမှ ဆက်သွယ်မှု စတင်သည် သို့မဟုတ် အခြားသူတို့မှ ထပ်ဆင့်လွှင့်သည်တို့ကို မသိရှိနိုင်သဖြင့် သင်ကိုယ်တိုင် ပိုမိုကောင်းမွန်သော အမည်ဝှက်မှုကို ရရှိနိုင်ပါသည်။

ထပ်ဆင့်လွှင့်သူအဖြစ် ပြင်ဆင်သတ်မှတ်ခြင်း လမ်းညွှန်တွင် ပိုမို ဖတ်ရှုပါ။


သင့်တွင် ဤစာရွက်စာတမ်း ပိုမိုကောင်းမွန်စေနိုင်သော အကြုံပြုချက်များ ရှိပါက ကျွန်ုပ်တို့ကို ပေးပို့ပါ။ ကျေးဇူးတင်ပါသည် !


"Tor" and the "Onion Logo" are registered trademarks of The Tor Project, Inc.
Content on this site is licensed under a Creative Commons Attribution 3.0 United States License, unless otherwise noted.

The Tor developers have not reviewed this translation for accuracy and correctness. It may be out of date or wrong. The official Tor website is the English version, available at https://www.torproject.org/.

Contact Us - Last modified: Wed Aug 18 16:39:09 2010 - Last compiled: Wed Sep 1 08:34:36 2010